 |
Diskless Workstation |
(Unicode)
Diskless Workstation System
Diskless Workstation System ဆိုတာ Client စက်တိုင်းမှာ Harddisk မပါဘဲနဲ့ Network ပေါ်ကနေ Operating System ကို Diskless Server မှ Boot လုပ်ပြီးအသုံးပြုတဲ့ စနစ်ကို Diskless Workstation System လို့ခေါ်ပါတယ်။
Diskless Workstations Advantage and Disadvantages
Diskless Workstation System ရဲ့ အားသာချက်တွေက Client စက်တွေမှာ Hard Disk ထည့်စရာမလိုပဲ Windows OS ကို Network ပေါ်ကနေတဆင့် အသုံးပြုနိုင်ခြင်း၊ (Hard Disk ထည့်စရာမလိုတဲ့အတွက် Hard Disk ပျက်လို့ အသစ်ပြန်ဝယ်ရ Windows OS ပြန်တင်ရတဲ့ ဒုက္ခတွေ မရှိတော့ဘူး Hard Disk ဝယ်ရမယ့် ကုန်ကျစရိတ်လဲ သက်သာသွားတာပေါ့) Virus ပါတဲ့ USB Stick ကိုစက်မှာထိုးမိလို့ Virus တွေစက်ထဲဝင်သွားမယ့် ကိစ္စရပ်တွေကိုလဲ ကာကွယ်ပေးတယ်၊ ဘယ်လိုနည်းနဲ့မှ Virus မဝင်အောင်ကာကွယ်ထားတဲ့ စနစ်တွေလဲ ပါဝင်တဲ့အတွက် Client စက်တွေ ဘယ်လောက်များများ အဲ့အတွက် Anti Virus Software ဝယ်သုံးစရာမလိုဘူး။ System Box တခုမှာ မနားတမ်းလုပ်နေရမယ့် Process တချို့ အသုံးပြုဖို့မလိုတဲ့အတွက် ပါဝါစားသက်သာတဲ့အပြင် System Box ရဲ့ အပူချိန်ကိုလဲ လျော့ကျ သွားစေတယ်(ပါဝါစားနဲတယ်ဆိုတော့ မီတာခလဲ သက်သာပြီပေါ့ဗျာ😃) ဒါတင်မကပါဘူး Computer တလုံးရဲ့ သက်တမ်းလဲ ကြာရှည်ခံသွားတယ်။ Software တို့ Game တို့ ထည့်သွင်းရာမှာလဲ စက်တစ်လုံးထဲထည့်ရုံနဲ့ စက်အားလုံး တချိန်ထဲ တပြိုင်ထဲ အသုံးပြုနိုင်ပါတယ်။ အဲ့လိုသုံးလို့ စက်လေးခြင်း ထစ်ခြင်း လုံးဝမရှိပါဘူး။
Diskless Workstation ရဲ့ အားနည်းချက်ကတော့ Server စက်ကို အဓိကအနေနဲ့အသုံးပြုရတဲ့အတွက် Server စက်တခုခုဖြစ်တာနဲ့ စက်တွေအားလုံးတပြိုင်ထဲ အလုပ်မလုပ်တော့ပါဘူး။ Server စက်ကို သေချာစောင့်ရှောက်ဖို့လိုအပ်ပါမယ်။ Server စက်ကို ကြွက်ဝင်ကိုက်တာတို့ ကြောင်သေးပန်းတာတို့ တော့ မဖြစ်စေနဲ့ပေါ့ဗျာ😂... နောက်ပြီး Network ပေါ်ကနေအလုပ်လုပ်တဲ့အတွက် Network ပြတ်တောက်မသွားအောင် နဲ့ Gigabit Network Quality မကျသွားအောင်လဲ အထူးဂရုစိုက်ဖို့လိုပါမယ်။ Gigabit Network Quality ဆိုတာ G/bits LAN ကနေ M/bits LAN မကျသွားအောင် ထိန်သိမ်းဖို့လိုအပ်တယ်လို့ ဆိုလိုတာပါ။ နောက်ထပ်လုပ်ဆောင်ဖို့လိုအပ်တာကတော့ Server စက်ရယ် Router ရယ် Switch ရယ် လုံးဝပိတ်သွားလို့မရတဲ့အတွက် UPS ခံ သုံးဖို့ လိုကိုလိုအပ်ပါတယ်။ ကြာကြာခံချင်ရင် Longtime UPS တွေအသုံးပြုပါ။ အားနည်းချက်တွေကတော့ ဒီလောက်ပါပဲ....
ဘယ်လိုနေရာတွေမှာ Diskless Workstation ကအသုံးဝင်မလဲ
နိုင်ငံတကာမှ Esport Game Center တွေအများအပြား ဖွင့်လှစ်လာကြတယ်။ မြန်မာနိုင်ငံမှာလဲ Local Network Game ဆိုင်ကနေ internet speed တွေမြန်ဆန်လာတဲ့အလျောက် Online Network Game ဆိုင်တွေအဖြစ်ပြောင်းလဲလာကြတယ် အခုဆိုရင် Esport Game Center အဖြစ်ပါ ကူးပြောင်းလာကြပါတယ်။ အဲလိုပြောင်းလဲမှုရဲ့ နောက်ဆက်တွဲအနေနဲ့ နည်းပညာကလည်း လိုအပ်လာပါတယ်။ Esport လို့နာမည်ပေးတာနဲ့ Esport Game Center ဖွင့်သူတိုင်း Diskless Server ကိုအသုံးပြုရပါတယ်။ Local Game ဆိုင်ပဲဖြစ်ဖြစ် Online Game ဆိုင်ပဲဖြစ်ဖြစ် Esport Game Center တွေပဲဖြစ်ဖြစ် Diskless Workstation အသုံးပြုကိုပြုသင့်ပါတယ်။ Computer စက်အလုံးရေများများနဲ့ လုပ်ရတဲ့အလုပ်တွေဖြစ်တဲ့အတွက် Maintenance Cost သက်သာဖို့လိုပါတယ်။
Diskless Workstation က Server စက်တစ်လုံးထဲကိုပဲ ဂရုတစိုက်အသုံးပြုရတာဖြစ်တာကြောင့် Maintenance Cost တအားကိုသက်သာပါတယ်။ Game ဆိုင်တွေသာမက Computer Training တွေ Computer DTP ဆိုင်တွေပါမကျန် Computer နဲ့လုပ်ကိုင်နေတဲ့လုပ်ငန်းတိုင်း တကယ့်ကို အသုံးဝင်တဲ့ နည်းပညာတစ်ရပ်ဆိုရင်မမှားပါဘူး။ မြန်မာနိုင်ငံမှာ Diskless Workstation System ကို Services အပြည့်အဝ ပေးနိုင်တဲ့ ပညာရှင်တွေလဲ တစထက်တစ ပေါ်ထွက်လာကြပါပြီ။ အဲ့ဒါကြောင့် Diskless Workstation System ကို အမှန်တကယ် စိတ်ချလက်ချ အကျိုးရှိရှိ အသုံးချနိုင်စေရန်အလို့ငှာ ရေးသားတင်ပြအပ်ပါသည်။
(Zawgyi)
Diskless Workstation System